ရပ်စောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ခံရခြင်းရှိမရှိ အခမဲ့ကွင်းဆင်း စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ RDT Test Kit ဖြင့်စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့က ဗထူးတပ်နယ်ဈေး၌  တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကျောက်မဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည်  မြို့ဝန်းကျင် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး ဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြိတ်မြို့နယ်တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး အစီအစဉ် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့် ဆေးထိုးပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ဆေးထိုးစုရပ်ကျောင်း (၂၄)ကျောင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီး ကာကွယ် ဆေး ရောက်ရှိလာပါက ဆေးထိုးအဖွဲ့(၈)ဖွဲ့ဖြင့် (၅)ရက်အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။

ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြောင်း သိကောင်းစရာအသိပညာပေး မြေစိုက်နံရံကပ် စာစောင်ပြသ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြောင်း သိကောင်းစရာအသိပညာပေး မြေစိုက်နံရံကပ်စာစောင်ကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင်မြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသသည်။

မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြို့လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့ အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူသောသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများကို ပန်းခင်း စီမံချက်ဖြင့် ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟဲခမ်း ကျေးရွာအုပ်စုသို့သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၆ ဦး ဆေးရုံဆင်းခွင့်ရရှိ၍ ၉၀၁ ဦးထိရှိ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံ ကြီးတွင် လာရောက်ပြသသူများ အား RDT Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၁ ဦး ထပ်မံ‌တွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများထဲမှ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ ၆ ဦးရှိခြင်းကြောင့် ဆင်းခွင့်ရရှိသူ ၉၀၁ ဦး ထိရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြည်ပမှ  ကျန်းမာရေး အထောက်အကူပစ္စည်းများ ဝင်ရောက်နိုင်ရေး အများပြည်သူ ရုံးပိတ်ရက်တွင် ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများအား နယ်စပ်ဂိတ်များမှ တင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များနှင့်အညီ မြန်ဆန်ချောမွေ့နိုင်ရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ညောင်တုန်းမြို့နယ်တွင်အသက်၁၂နှစ်အထက်ကျောင်းသား၊ကျောင်းသူများအားကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်း တွင် ညှိနှိုင်းဆွေးနွေး ကြိုတင်ပြင်ဆင်လျှက်ရှိကြောင်းသိရသည်။

ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး Hand Speaker ဖြင့် အသိ ပညာပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးနည်း လမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်စေနိုင်ရန် Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ က ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင်မြို့တွင်း လမ်းဆုံလမ်းခွ နေရာများ၌အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာ၊ စကော ကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့သည်။
Subscribe to