မာန်အောင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ် စတင်ထိုးနှံပေးလျက်ရှိ
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေးခြင်းကို မာန်အောင်မြို့အထက အပါအဝင် ဆေးထိုးစုရပ်(၈)နေရာသတ်မှတ်ပြီး ယနေ့နံနက်၉နာရီမှညနေ၄နာရီထိ တစ်ပြိုင်တည်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။