ညောင်ဦး အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ အသက် ၁၂နှစ်ထက်ကျောင်းသား၊ ကျောင်းသူများ ကို အောက်တိုဘာ ၁၆ရက်နေ့မှစတင်၍ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ရာ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ်၊ မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူပေါင်းကာ အသက်၁၂နှစ်အထက်ကျောင်း သား၊ကျောင်းသူများသိရှိနိုင်ရန် ကာကွယ်ဆေးထိုးစုရပ်များကို ယနေ့ နံနက် ၆နာရီအချိန်က လိုက်လံဆော်ဩ အသိပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်၊မြို့နယ်မီး သတ်ဦးစီးမှူး ဦးကျော်မင်းသူထံကသိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးမည့် သတ်မှတ်စုရပ်များ လိုက်လံအသိပေးနှိုးဆော်ရာတွင် ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်းကျဆင်းလာပြီဖြစ် သလိုနိုင်ငံတော် အစိုးရအနေဖြင့်လည်း ကျောင်းသားလူငယ်များ၊ ပညာလေ့လာဆည်းပူး ခွင့်ရရှိစေရေးအတွက် အသက် ၁၂နှစ်အထက်၊ ကျောင်းသားကျောင်းသူများကို သက်ဆိုင်ရာ ကျောင်းစုရပ်များ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စုရပ်များအဖြစ် အခြေခံ ပညာအထက်တန်းကျောင်း(ညောင်ဦး)အမှတ်-၃ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (လက်ပံခြေ ပေါ်)၊အခြေခံပညာ အထက်တန်းကျောင်း(ကြအို)၊ အခြေခံပညာ မူလတန်းလွန်ကျောင်း( စက်စက်ယို)၊အခြေခံပညာ အထက်တန်း ကျောင်း(ငါ့သရောက်)၊ အခြေခံပညာအထက်တန်း ကျောင်း(တောင်ဇင်း)၊ အခြေခံပညာအထက် တန်းကျောင်း-ခွဲ(တက်မ)စသည့် သတ်မှတ်စုရပ် ၈နေရာတွင်သတ်မှတ်စုရပ်တစ်နေရာ ဆေးထိုး အဖွဲ့အင်အား ၂၃ဦးတို့ဖြင့် အသက် ၁၂ နှစ်အထက်ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးထိုးနှံပေးမည့် သတ်မှတ်စုရပ်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD