မအူပင်မြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့" အသိပညာပေးကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက လွတ်လပ်ရေးကျောက်တိုင်ရှေ့နှင့် ဗိုလ်ချုပ်ကြေးရုပ်အနီး ရေလဲလမ်းမကြီးဘေးတွင် ဆောင်ရွက်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို ယနေ့နံနက် (၉) နာရီအချိန် က သတ်မှတ်စုရပ် (၇)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာသင့်သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို  ယနေ့နံနက်၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်​ ဒေသခံရပ်မိရပ်ဖများ ပူးပေါင်း၍ တော်တရလေး ကျေးရွာတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းနေအရွယ်ကလေးတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်နှင့်အထက်‌ ကျောင်းသားကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ မြို့နယ် ပညာရေးမှူး ဦးအောင်စိုးနှင့် ယခုလိုမေးမြန်းခဲ့ပါသည်။

မိုးညှင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူ(၇၇၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၇၇၅၀)ဦးအား အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လဲချားမြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်မှုများအား သိရှိနိုင်ရန် မြို့နယ်လက်ထောက်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

လဲချားမြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်မှုများအား သိရှိနိုင်ရန် မြို့နယ်လက်ထောက်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပန်းတနော်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်( ၅၅) နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အလယ်ပိုင်းရပ်ကွက် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိသည်။

ပေါက်‌‌ခေါင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ၊ပြည်ခရိုင်၊ ပေါက်‌ခေါင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်မှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ စနစ်တကျ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး(Talk Show) ပြုလုပ်

ဖျာပုံမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး(Talk Show) ပြုလုပ် ဖျာပုံ အောက်တိုဘာ ၁၃ အောင်ဝင်းနိုင်

ကျိုက်မရောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉နာရီအချိန် က လှကဇိုင်းကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
Subscribe to