တိုက်ကြီးမြို့နယ်တွင် မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ၊ ရှူးဒိုင်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေး နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင် ပွဲတော်ကာလများသို့ ရောက်ရှိတော့မည် ဖြစ်ပါသဖြင့် ယင်းကာလများကို အကြောင်းပြု၍ မီးရှူးမီးပန်းများ ဗြောက်အိုးများ ရှူးဒိုင်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန် အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၅၁)ရပ်ကွက်ရှိ ကျောင်းတိုက်များတွင် သီတင်းသုံးနေထိုင်သော သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁) ရပ်ကွက်ရှိ မာဂဓကျောင်းတိုက်၊ ပညာရာမကျောင်းတိုက်၊ မဟာစည်ရိပ်သာတို့တွင် သီတင်းသုံးနေထိုင်သော သံဃာတော်၊ သီလရှင်ဆရာလေးများနှင့် လူပုဂ္ဂိုလ်တို့အား ယနေ့နံနက်ပိုင်းက ကိုဗစ် ရောဂါပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ကျောင်းသူများ ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံရာတွင် ဆရာ/ မိဘ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးလိုက်လံ အသိပေး နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၌ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများ ကို အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ရာ ဆရာ/ မိဘနှင့် တာ၀န်ရှိသူများ က ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြရန် မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးကော်မတီနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များအတွင်း အသိပေး နှိုးဆော် လှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားအား ဒုတိယအသုတ် (ဒုတိယအကြိမ်) စတင်ထိုးနှံပေးလျက်ရှိ

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ( Sinopharm 1/ 5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ စတင်၍ အမှတ်(၁)အခြေခံ ပညာအထက် တန်းကျောင်းနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန ဆေးထိုး စင်တာ(၁၀)ခုတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရီးစဉ် ညွှန်ကြားချက်နှင့် အောက်တိုဘာလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ်ရှိ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်ငါးနေရာသတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ် ဆေးလာရောက် ထိုးနှံခဲ့ကြသူ ၁၀၇၀ ဦး ရှိပြီး ဆေးထိုးနှံပြီးသူ ၂၃၆၅၉ ဦး ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ဒုတိယအကြိမ်အသက် ၁၈ နှစ်နှင့် အထက် ဦးစားပေး ထိုးသင့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းတွင် ယနေ့ နံနက် ၈နာရီက တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင်နေထိုင်သည့် အသက် ၁၈နှစ်နှင့်အထက် ဦးစားပေးထိုးသင့်သည့်မသန်စွမ်း၊EAOs အဖွဲ့များ၊ သံဃာ့တော်များအား၊ ကာကွယ်ဆေးထိုး ရန်ကျန်ရှိနေသေးသည့် အသက်၆၅နှစ်အထက် ဘိုးဘွားများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ် ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ်လ.ဝ.ကဦးစီမှူးဦးရဲထွန်းနှင့် ဝန်ထမ်းများက င/ကရပ်ကွက်၊ အ-မ-က(၁၃)ကျောင်းတွင် အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၂)ရက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်ကြီးမဏ္ဍိုင် မြို့တွင်အများပြည်သူသိရှိစေရန် ဒေသန္တရအမိန့် (၁/၂၀၂၁) အား လှည့်လည်ကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ယမန်နေ့ ညနေ ၃ နာရီ က အများပြည်သူများသိရှိစေရန် ဒေသန္တရအမိန့် (၁/၂၀၂၁) ထုတ်ပြန်ချက်ကို မီးသတ်ယာဉ်ဖြင့်လှည့်လည် ကြေညာ ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၀၃)ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ အတည်ပြု လူနာပေါင်း (၆၆၀)ဦး ရှိပြီး ရောဂါသက်သာ ပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၆၀၃)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Subscribe to