ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက်ကျောင်းသား၊ကျောင်းသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဗွီနိုင်းပိုစတာများစိုက်ထူ

ကျောက်ဆည် စက်တင်ဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ နှင့်ကိုယ်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက် (၁၂) အထက် ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပညာ ပေးဗွီနိုင်းပိုစတာများကို ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်ကျောင်းများတွင် စိုက်ထူပေးလျက်ရှိရာ ယနေ့ နံနက်(၈)နာရီခွဲက အမှတ်(၁)အခြခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေး ဗွီနိုင်း ပိုစတာ များ စိုက်ထူခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အသိပညာပေးပိုစတာတွင် အသက်(၁၂)အထက်၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက် တန်းကျောင်း(ခွဲ)၊ အလယ် တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် လွှမ်းခြုံသော အနာဂတ်ပန်းခင်းများဆီသို့ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့၊ ကျောင်းသား၊ ကျောင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေသည့် ဒေသတွင်းနိုင်ငံများ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် စုရပ် (၁၉) နေရာ သတ်မှတ်ထားပြီး အခြခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ(၉) ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ် တန်းကျောင်း-ခွဲ(၈)ကျောင်း၊မူလတန်းလွန် ကျောင်း(၂၆)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း (၁၆)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်း ကျောင်း(၃)ကျောင်း တို့မှကျောင်းသား၊ကျောင်းသူ (၈၁၄၂)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးသွား မည်ဖြစ် ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

         

သက်မောင် (ကျောက်ဆည်)