မိုင်းယန်း အောက်တိုဘာ ၁၄
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များအား ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ ရပ်ကွက်များသို့ အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အဆိုပါ လှည့်လည်နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်နိုင်ရေးအတွက် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ မိမိတို့နေအိမ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသယ်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးကရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူပါ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် Hand Speaker ဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)