စဉ့်ကူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးရာ ပိုးတွေ့ ( ၅ ) ဦး ထပ်မံတွေ့ရှိ

စဉ့်ကူး  ၊  အောက်တိုဘာ  ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  သံသယလူနာများအား အောက်တိုဘာ ၁၃ ရက်နေ့ ၊  နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ( ၂၀ ) ဦး စစ်ဆေးရာ  ( ၅ ) ဦး တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည် ။   

 

အဆိုပါ ပိုးတွေ့လူနာများသည်  အမျိုးသား (  ၄ )  ဦး နှင့် အမျိုးသမီး ( ၁ ) ဦး ၊ စုစုပေါင်း  ( ၅ ) ဦးတို့ဖြစ်ပြီး အောက်တိုဘာ ၁၃  ရက်နေ့ အထိ  မြို့နယ်အတွင်း   စုစုပေါင်းပိုးတွေ့ ( ၁၁၄၇ ) ဦး၊ လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက် ဆေးကုသသူ  ( ၂၂  )ဦး ၊  စုစုပေါင်းဆေးရုံဆင်း  (  ၁၀၅၅  )ဦး ၊   စုစုပေါင်းလွှဲပြောင်း   ( ၂၀ )  ဦး ၊ စုစုပေါင်းသေဆုံး (  ၅၀  )  ဦး ရှိပြီဖြစ် ကြောင်း  တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။  

 

မြို့နယ်( ပြန်/ဆက် )