ဘုရားသုံးဆူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသံချဲ့စက်များဖြင့် အသိပညာပေး ဆောင်ရွက်

ဘုရားသုံးဆူ အောက်တိုဘာ ၁၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊  ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်မှုများအား ပြည်သူများသိရှိနိုင်စေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး  ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်၌  မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍  အသံချဲ့စက်များဖြင့်  လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ နှိုးဆော်ရာတွင်  ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည် များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ် ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါ ပိုးကူး စက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား အသံချဲ့ စက်ဖြင့် လိုက်လံနိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စောရဲ၀င်းထွဋ်