မိုင်ငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် Youth Club စာဖတ်ဝိုင်းပြုလုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က (Youth Club) လူငယ်အသင်းဖြင့် စာရေးဆရာ မောင်မင်းစိုး၏ မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။