ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အောက်ဆီဂျင်စက်ရုံမှ လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုးများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် မိဘပြည်သူများ အဆင်ပြေစေရေးအတွက် ပြည်သူ့ဆေးရုံတွင် တည်ဆောက်တပ်ဆင်လျက်ရှိသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant)စက်ရုံ တည်ဆောက် ပြီးစီးပြီဖြစ်၍ အောက်တိုဘာ ၂ ရက်နေ့မှစပြီး အောက်ဆီဂျင် ၄၀ လီတာဝင် (၄၀)အိုးထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

လက်ပံတန်းမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

လက်ပံတန်းမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း လက်ပံတန်း အောက်တိုဘာ ၁၄ ဝင့်နန္ဒာဌေး

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအသုတ်) ဒုတိယအကြိမ် ထပ်မံထိုးနှံပေး

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ မပြန့်ပွားစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပါင်းပါဝင်သော အဖွဲ့များမှ ကိုဗစ်-၁၉ ကာကွယ်ဆေးအား (ဒုတိယအသုတ်) ဒုတိယအကြိမ် ထိုးနှံမှုကို ယမန်နေ့ နံနက် ၉ နာရီတွင် ကာကွယ်ဆေး ထိုးနှံရာ စုရပ်များဖြစ်သော မြို့နယ်ခန်းမ၊ ကျူချောင် ကျေးရွာ၊ ဘိုရားကြီးကျေးရွာ၊ ကျိုက္ကသာ ကျေးရွာ၊ စစ်တောင်း ကျေးရွာ၊ သိမ်ဇရပ်မြို့၊ ကင်မွန်ချောင်း ကျေးရွာတို့တွင် ထိုးနှံပေးခဲ့သည်။

ငပုတောမြို့နယ်တွင် အသက် (၁၂)နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းသား/သူ များအားကို ဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်းသိရသည်။

ကမာရွတ်မြို့နယ်၌ ပန်းခင်းစီမံချက်အသိပညာပေး Talk Show ကျင်းပ

ကမာရွတ်မြို့နယ်၌ ပန်းခင်းစီမံချက်အသိပညာပေး Talk Show ကျင်းပ ကမာရွတ် အောက်တိုဘာ ၁၄ မြို့နယ် (ပြန်/ဆက်)

တပ်ကုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Sinovac)ဆက်လက်ထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ် တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက်  ပထမကြိမ် ကိုဗစ်ကာကွယ်ဆေး တတိယရက်ကို ယနေ့နံနက်(၉)နာရီက မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း ကာကွယ်ဆေးထိုးစုရပ်၌ ထိုးနှံပေးခဲ့သည်။

ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများအား ဘာသာစကား(၂)မျိုးဖြင့် လိုက်လံအသိပေးနိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအား သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့ နံနက် ၈ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက Hand Speaker ဖြင့်ကျောက်တလုံးကြီးမြို့ပေါ် ရပ်ကွက်များတွင် ဘာသာစကား(၂)မျိုးဖြင့် လိုက်လံအသိပေးနိုးဆော် ခဲ့သည်။

အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အသက်(၅၅)နှစ်နှင့် အထက်ပြည်သူ များအား (ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်မှစတင်၍ရွှေသောင်ယံမြို့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများကအ.ထ.က(ရွှေသောင်ယံ)ကျောင်းဝန်းအတွင်းရှိဆေးထိုးစုရပ်၌စနစ်တကျထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ဝါးခယ်မမြို့နယ်တွင် အသက်(၅၅)နှစ် အထက်ပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အသက်(၅၅)နှစ် အထက်ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက်(၉)နာရီမှစတင်၍ သတ်မှတ်စုရပ် များဖြစ်သည့် ဝါးခယ်မမြို့၊ ကျုံမငေးမြို့၊ ရွှေလောင်းကျေးရွာ၊ ကျွန်းကုန်းကျေးရွာတို့၌ (ပထမ အကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to