ကန်ကြီးထောင့်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်းနှင့်ဈေးပြင်ပ၌ Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရန် Mask Campaign ပြုလုပ်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွား လျက် ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက် မည်ဆိုပါက Mask နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်းပြီး သွားလာမှုရှိစေရေးအတွက် အသိပညာပေး ခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။