ညောင်ဦးမြို့ ဈေးများအတွင်း နှာခေါင်းစည်းလူတိုင်းတပ်ဆင်နိုင်ရေး Mask များ ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့်အမှတ်(၃)၊ အောင်ဇေယျရပ်ကွက်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး လူတိုင်းနှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး ခုရေ ၄၀၀၀ ဖြန့်ဝေ၍ Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၇ နာရီအချိန် Mask Campaign ပြုလုပ်ဖြန့်ဝေခဲ့ကြောင်းသိရသည်။