ပုလော စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးမှု ပေါ်ပေါက်လာသည့် အကြောင်း အရာများ၊ လူကုန်ကူးခြင်းနှင့်လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိကအကြောင်းအရာ များ၊ လူကုန်ကူးသူများ၏စုဆောင်းနည်း၊ သယ်ယူပို့ဆောင်နည်းနှင့် လူကုန်ကူးမှုအများဆုံး ခံရနိုင်သူများအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရ ကျောင်းသား/သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြ ကြောင်း သိရသည်။
အေးအေးမော်(ပုလော)