ချောင်းသာ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွားလျက်ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၇ နာရီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူးရုံး၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ရွှေသာယာ မြို့မစျေးကြီးအတွင်း စျေးရောင်း၊ စျေးဝယ်များ၊ လူစည်ကားသည့် လမ်းဆုံလမ်းခွများတွင် သွားလာကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် နေအိမ်ပြင်ပသွားလာပါက မဖြစ်မနေ Mask များတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းနှင့် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
ချောင်းသာ(ပြန်/ဆက်)