ကျောက်တံခါးမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်(Booster Dose) ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်မှအထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose) ထိုးနှံခြင်းကို အခြေခံပညာအထက်တန်း (ကျောက်တံခါး) ပတ္တမြှားခန်းမ၌ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန် က အသက်(၁၈)နှစ်နှင့် အထက်ရှိသူများအား ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၂၄၂)ဦးရှိကြောင်း သိရသည်။

ကျွဲနွားကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဒေသခံပြည်သူများ၏ ကျွဲနွားများ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို စက်တင်ဘာ(၈)ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချောင်းသာမြို့ ကံကြီးကျေးရွာအုပ်စု၌ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စုအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့အဆင့်ဌာန ဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က ကံကြီးကျေးရွာ ဓမ္မရက္ခိတဓမ္မာရုံတွင် ပြုလုပ် ခဲ့ကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေ အလိုက် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်၌ အခြေခံစာသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ  ယနေ့နံနက် ၁၁နာရီက  လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဇေယျမင်္ဂလာလမ်းတွင်ပြည်သူများအား အခြေခံစားသောက်ကုန်များကို  လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။
Subscribe to