ပိုင်ကျုံမြို့ အ.ထ.က ကျောင်း၌ Steel Structure ဖြင့် တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ တည်ဆောက်‌ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အ.ထ.က ပိုင်ကျုံကျောင်းတွင်  Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀) ရှိ (၁) ထပ်ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းကို ဇွန်လအတွင်းတွင် စတင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့ လူထုအခြေပြုဗဟိုဌာန၌  "မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌

စဉ့်ကိုင်မြို့နယ်တွင်(ဒုတိယအကြိမ်)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး

သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများ၌ အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် အသက်(၉)နှစ်မှ(၁၀) နှစ်အထိ အမျိုးသမီးငယ်များကို မြို့နယ်အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ (ဒုတိယအကြိမ်) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့၌ အပြည်ပြည်ဆိုင်ရာလေထုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်)၏ စီစဉ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်ရှိဈေးအတွင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းပြီး မင်းရပ်ရပ်ကွက်ရှိ ပန်းတောင်းမြို့နယ် စည်ပင်သာယာစျေး၊ ဝန်လိုရပ်ကွက်လမ်းဆုံ၌ ယနေ့နံနက် (၇:၃၀) အချိန်ကစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ဈေးရောင်းချသူများနှင့် ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)  စနစ်တကျတပ်ဆင်ကြရန်အတွက် နှာခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။  

ကမာရွတ်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ​​​ယ​နေ့နံနက်ပိုင်းက စက်တင်ဘာ(၁၃)ရက်​နေ့တွင် ကျ​ရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေး​နေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေးအတွက် အသိပညာပေး Talk Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
Subscribe to