မဟာအောင်မြေမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၈

မဟာအောင်မြေမြို့နယ်၊ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အနောက်ရပ်ကွက်၊ အကွက် (၄၀၅-B)၊ ချော်ဆိပ်ရပ်၊ ကမ်းနားလမ်းရှိ ပေါ်တော်မူဘုရား၌ ယနေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်နေ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ ဗိုလ်မှူးဆွေလွင်အောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးမောင်မောင်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိပုဂ္ဂိုလ်များနှင့် ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား (၆၀) ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း တည်ငြိမ်‌အေးချမ်းရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများကို ဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်နိုင်ရေး ချပြရှင်းလင်းခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များ၊ လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်နေမှု အခြေအနေများ အား ချပြရှင်းလင်းခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရပ်ကွက်အတွင်း ပြည်သူများအေးချမ်း သာယာစွာနေထိုင်နိုင်ရေး၊ နယ်စပ်ရောက်နေသူများနေဖြင့် မိမိရပ်ကွက်အတွင်း ပြန်လည် ဝင်ရောက်လိုပါက ကြိုဆိုလက်ခံဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း ချပြရှင်းလင်းခြင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ မှတ်ပုံတင်ဆောင်ရွက် ပေးနေမှုများ၊ လူတိုင်းမှတ်ပုံတင်ကိုင်ဆောင်နိုင်ရေး ချပြရှင်းလင်းခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်သူများကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ရေး၊ (၁) နှစ်အောက်ကလေးတိုးချဲ့ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကူးစက်ရောဂါကာကွယ်နှိမ်နှင်း ဆောင်ရွက်နေသည့် ကိစ္စရပ်များအား ချပြရှင်းလင်းခြင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ ပြည်သူများအနေဖြင့် နိုင်ငံတော်သို့ပေးဆောင် ရသည့် လျှပ်စစ်မီတာခများအား ပေးဆောင်ရန်လိုကြောင်း ချပြရှင်းလင်းခဲ့ရာ တက်ရောက် လာသည့်ပြည်သူများမှ သားရေစက်ရုံတောင်ဘက် ရေပိုက်ပေါက်နေမှု၊ လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးနေမှုများအား တင်ပြခဲ့မှုအပေါ် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းပေးပြီး နောက် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်း(၅)ကြောင်းအဖွဲ့သည် (၁၁) နာရီအချိန် စိန်ပန်း ရပ်ကွက်၊ အကွက်(၃၂၄)ကမ်းနားလမ်း၊ ၃၇×၃၈လမ်းကြားရှိ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌  ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဌာန ဆိုင်ရာများနှင့် ပြည်သူများစုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာ အကြီး အကဲများမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များအား ချပြရှင်းလင်းဆောင်ရွက်ခဲ့ရာတက်ရောက်လာသည့် ပြည်သူများမှ မှတ်ပုံတင်ပျောက်ဆုံးမှု ဆောင်ရွက်ပေးစေလိုသည့်ကိစ္စ၊ ညအချိန်တွင် ကျန်းမာရေးကိစ္စဖြင့် ဆေးရုံသွားရောက်လိုပါက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများ တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း