အထက်မင်းလှ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့မှ စားသောက်ဆိုင်များနှင့် ကာရာအိုကေဆိုင်များရှိ ဝန်ထမ်း၊ အလုပ်သမားများအား လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက မင်းလှမြို့တွင် ဖွင့်လှစ်ထားသော ကာရာအိုကေနှင့်စားသောက်ဆိုင်များရှိ ဆိုင်ရှင်၊ ဝန်ထမ်းအလုပ်သမားများအား လူကုန်ကူးမှုနှင့်ပတ်သက်သည့် အန္တရာယ်ဆိုးကျိုးများ၊ ရှောင်ရန်/ ဆောင်ရန်များကို အသီးသီး အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ဝန်ထမ်းများက ကာရာအိုကေနှင့်စားသောက်ဆိုင်များရှိ ဆိုင်ရှင်နှင့်ဝန်ထမ်းအလုပ်သမားများမှ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီး(၆)လအထက်ရှိသူများအား၊ Booser dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)