ကန်ကြီးထောင့်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်းနှင့်ဈေးပြင်ပ၌ Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရန် Mask Campaign ပြုလုပ်ဆောင်ရွက်

ကန်ကြီးထောင့်မြို့    စက်တင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပွား လျက် ရှိသော ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  ပြည်သူများအနေဖြင့်  နေအိမ်ပြင်ပထွက် မည်ဆိုပါက   Mask  နှာခေါင်းစည်းများ  စနစ်တကျတပ်ဆင်းပြီး  သွားလာမှုရှိစေရေးအတွက်   အသိပညာပေး ခြင်းကို   ယနေ့နံနက်  ၇ နာရီ အချိန်တွင်  Mask  Campaign  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်သူများအားလုံးအတွက်ရည်ရွယ်ပြီး ပြည်သူများစနစ်တကျရှိစေရန်အတွက် တာဝန်ရှိသူများက  လက်ဆေး ရန်ဘေစင်များတပ်ဆင်ထားခြင်း၊ ဆပ်ပြာများကို  စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး  Mask Campaign ကို ကနဦးအနေဖြင့်  ကန်ကြီးထောင့်မြို့ရှိ  မြို့မယာယီဈေးကြီးအတွင်းနှင့်ဈေးပြင်ပ၌  ဈေးရောင်း  ဈေးဝယ်သွား လာလှုပ်ရှားနေသူအများပြည်သူများကို   ကန်ကြီးထောင့်မြို့နယ်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့  လက်ထောက်ညွှန်ကြားရေးမှူး   ဦးလှိုင်ဝင်းဟန်  ဦးဆောင်သည့် အဖွဲ့နှင့်မြို့ မဈေးကော်မတီအဖွဲ့တို့ပူးပေါင်း၍  အများပြည်သူများအားလုံး  ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး စည်းကမ်း ချက်နှင့် အညီနေထိုင်သွားလာကြရန် အသိပညာပေး Mask Campaign ကိုပြုလုပ်ခဲ့ကြကြောင်း သတင်းသိရှိရသည်။

မဇင် (ပြန်/ဆက်)