ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးဝါးနှင့်အာဟာရထောက်ပံ့ဆောင်ရွက်မှုကို ယမန်နေ့က ဟာရီးကျေးရွာအုပ်စု သူဌေးကျေးရွာ သားဖွားဆောင်တွင် ပြုလုပ်ခဲ့သည်။