မြဝတီ စက်တင်ဘာ ၈
ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာ၊ စာရိတ္တရေးရာမြင့်မားတိုးတက်ကောင်းမွန်စေပြီး အသိပညာဗဟုသု တများ တိုးပွားရရှိစေရန်နှင့် ပတ်ဝန်းကျင်ရှိ သန့်ရှင်းသော လေထုနေ့ဖြစ်ပေါ်လာပုံတို့ကိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် သန့်ရှင်းသော လေထုအကြောင်းအသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊မြဝတီမြို့အမှတ်(၄) အခြေခံပညာ အလယ် တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက လူငယ်တွေအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာဟုဆိုရာမှာ စာပေသာမကအသိပညာ၊ အတတ်ပညာများပါ ပါဝင်ကြောင်း၊ လူငယ်ဘဝ ပညာသင် အရွယ်မှစပြီးမိမိဘဝအတွက် ကောင်းမွန်သောရည်မှန်းချက်၊ ရည်ရွယ်ချက်ထားရှိရမည်ဖြစ်ကြောင်း၊ လူငယ်နှင့်စာရိတ္တပိုင်းဆိုင်ရာများနှင့် လူငယ်နှင့်ကျန်းမာရေးဆိုင်ရာအသိပညာများကိုလည်းကောင်း ၊ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က သန့်ရှင်းသောလေထုအကြောင်း သိကောင်းစရာများနှင့် သန့်ရှင်းသောလေထုဖြစ်စေရန် လိုက်နာဆောင်ရွက်ရ မည့် အချက်များကိုလည်ကောင်း၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ခင်ကလျာဝင်းက ရေကိုချွေ တာသုံးစွဲရေးနှင့် ရေချိုသယံဇာတ ထိန်းသိမ်းရေးတို့နှင့် စပ်လျဉ်း၍သိကောင်းစရာများကို အသီးသီး ဟောပြောပေးခဲ့ကြသည်။
ထို့နောက် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာဗဟုသုတရရှိစေ မည့် သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်ပြဘုတ်များကို ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်ပါဝင်စားစွာ ကြည့်ရှုလေ့ လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)