ရေတာရှည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲပိုင်း က ပိတောက်ခင်ကျေးရွာနှင့် ပေါက်ချောင်းကျေးရွာတို့တွင် သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆောင်ရွက်ခဲ့သည်။