မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေ၏အကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ်

မိုင်းငေါ့ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ယနေ့နံနက်ပိုင်း အချိန်က စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ စာပေအကျိုးကျေးဇူး(Talk Show)တွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က  စာအုပ်စာပေသည် ဘက်စုံဖွံ့ဖြိုးရေးအတွက် အုတ်မြစ်ပင်ဖြစ်ကြောင်း၊ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့်တိုင်း စာအုပ်စာပေသည်  လူတို့အတွက် မိတ်ဆွေကောင်းဖြစ်ကြောင်း၊ စာပေသည်ဆင်းရဲချမ်းသာ လူ့အလွှာအတန်းအစားမရွေးလမ်းညွှန်မှုများပေးကြောင်း၊ စာအုပ်စာ‌ပေကိုလေ့လာ ရှာဖွေဖတ်သင့်ပါကြောင်းပြောကြားပြီး၊ စာကြည့်တိုက်မှူး ဒေါ်မို့မို့ က လူငယ်/လူရွယ်များစာပေအသိပညာ ဗဟုသုတများရရှိ‌စရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရ ရှိလာ‌စေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ စာကြည်တိုက်များတွင် သုတ၊ ရသစာအုပ် မျိုးစုံရှိသောကြောင့် ကျောင်းသား၊ကျောင်းသူများ အလွယ်တကူဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေကိုလေ့လာဖတ်ရှု ကြစေလိုကြောင်းစာရေး ဆရာကြီး ပီမိုးနင်းက“စိတ်ကိုအသိဉာဏ်ကအုပ်စိုး၏ အသိဉာဏ်ကိုဗဟုသုတကအုပ်စိုး၏ ဗဟုသုတကိုစာပေကအုပ်စိုး၏ ဟုရေးသားခဲ့ပါကြောင်းဖြင့် စသည်ဖြင့် စာပေအကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)