တိုက်ကြီးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥစသည့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်၊ မြို့လယ်လမ်း မြို့မဈေးအနီးတွင် ဈေးကားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနက စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အ‌လေ့အကျင့် ကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်း ပေးခြင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်ခန့်က အ.ထ.က အစုကြီး စာသင်ကျောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

ကျောက်တံတားမြို့နယ်၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၈)နာရီ က  စက်တင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာတတ်မြောက်ရေးနေ့ အသိပညာပေး Talk  Show ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာစိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာကို ယနေ့နံနက် (၁၀) နာရီခွဲက ပုလောမြို့ ဗိုလ်ချုပ်လမ်းမကြီးတွင် စိုက်ထူခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၌ ဆန်၊ ဆီနှင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများသို့ လက်ဝယ်အရောက် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈:၀၀ နာရီက အမှတ်(၁)ရပ်ကွက် မီးပြဝန်းဓမ္မာရုံ၌ ပြည်သူများလက်ဝယ်သို့ ရောင်းချပေးခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားထားဝယ်မြို့၌ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က ပညာရေစစ်ကြောင်အနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to