ရှမ်းရွာသစ်မြို့တွင် မြို့အဝင်ပန်းခြံ ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့အဝင်ပန်းခြံခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းကို ဇွန်လပထမ ပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။