ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကျိုက်လတ်မြို့နယ်အတွင်းရှိ ပေါင်းဆန်စက်နှင့်လုပ်ငန်းအချို့အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပေါင်းဆန်စက်နှင့် လုပ်ငန်းအချို့အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ယမန်နေ့နံနက်ပိုင်း၌ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ချောင်းသာကမ်းခြေ၌ လာရောက်အပမ်းဖြေ

ဧရာဝတီတိုင်းဒေသကြီးမှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိခဲ့သူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီက ချောင်းသာကမ်းခြေသို့ လာရောက်အပမ်းဖြေခဲ့ကြကြောင်း သိရှိရသည်။

ဘိုကလေးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နေ့လယ်(၂)နာရီအချိန်တွင် ဘိုကလေးမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ အရောက်သွားကာ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။

လူငယ်များစာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ သုတဉာဏ်စမ်းပြိုင်ပွဲပြုလုပ်၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် သုတဉာဏ်စမ်းပြိုင်ပွဲပြုလုပ်ပြီး သုတရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်းသိရသည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့နယ် Community Centre ခန်းမ၌  စာအုပ်ပြပွဲနှင့် ဓါတ်ပုံပြပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နေ့လယ်(၁)နာရီအချိန် က  ဓါတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကိုကျင်းပပြသခဲ့ကြောင်းသိရသည်။       

အမ်းမြို့နယ် (CommunityCentre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားများပပျောက်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်အချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့၊ အထက (ကန်သာယာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးစာပေစကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အထက (ကန်သာယာ)ကျောင်း ၊ မဟော်သဓာ ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to