“ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကရင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးမှုများအား တွေ့ဆုံမေးမြန်း

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်နေ့မှစတင်ပြီး စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံမှုအခြေအနေများကို ကျွန်မတို့သတင်းအဖွဲ့မှ ကရင်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ ပြည်နယ်ပညာရေးမှူးအား  သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုပါသည်။

ပဲခူးတိုင်းဒေသကြီး၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးမြို့အ.ထ.က(၁)သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တက်ရောက်ခဲ့သည်။

ရေစကြိုမြို့ပေါ်တွင် လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်တိုင်များနှင့် သစ်ပင်ကြီးများလဲကျ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရပ်ကွက်များအတွင်းတွင် ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်အားပေးတိုင်များနှင့် သစ်ပင်ကြီးများလဲကျပျက်စီးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂၅)လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် စပ္မါယ်နဂိုရ်ကျေးရွာအုပ်စု၊ အုံးပိုင်ကျေးရွာတွင် မေလ(၂၄)ရက်မွန်းလွဲ (၁)နာရီက လေပြင်းများတိုက်ခတ်ခဲ့သဖြင့် လူနေအိမ်(၂၅)လုံးနှင့် (အ.ထ.က-ခွဲ) စာသင်ကျောင်းတစ်ကျောင်း အမိုးများလန်ကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေကြေထိခိုက်မှုမရှိကြောင်းသိရသည်။

ချောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊‌ ချောက်ခရိုင်၊‌ ချောက်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မိုင်းရယ်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နေ့လည်(၁၂)နာရီက ကျေးရွာများအရောက် ဆောင်ရွက်ပါသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ငုဝါလမ်းတွင် အုတ်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှတ်(၂)ရပ်ကွက် ငုဝါလမ်း‌ပေါ်ရှိ လမ်းဘေးဝဲယာတွင် အုတ်စီ ရေမြောင်း တည်ဆောက်ခြင်းကို မေလ ၂၅ ရက်နေ့က စတင်အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဖားကန့်မြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးရန် လူထုဖြန့်ပျိုးပင် နှစ်‌သောင်းထိ ပျိုးထောင်ထားလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သစ်‌တောဦးစီးဌာနမှ ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ဥရုချောင်းရေ အရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရန်၊ သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးတက်လာစေရန်နှင့် ပြည်သူများ သစ်တောသစ်ပင်များအပေါ် ချစ်ခင်တန်ဖိုးထားတတ်သည့် အသိစိတ်များ ကိန်းအောင်းလာစေရန်ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး‌ရန် လူထုဖြန့်ပျိုးပင်ပေါင်း နှစ်သောင်းထိ လျာထားပျိုးထောင်ထားကြောင်း သိရသည်။

နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဆွေ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲပြုလုပ်

ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (စုပေါင်းရုံး) သို့ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဆွေမှ ဝန်ထမ်းများနှင့် တွေ့ဆုံ ပွဲကို ယ​နေ့နံနက်ပိုင်းကအဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုစာရင်းများ ကောက်ခံထားရှိမှုများ မြို့နယ်စာရင်းကောက်ယူရေးအဖွဲ့ ကြည့်ရှုစစ်ဆေး

မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ တာဝန်ရှိ သူများသည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုစာရင်းများ ကောက်ယူထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to