ရေနံချောင်း မေ ၂၆
မကွေးတိုင်းဒေသကြီး၊ ချေက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနာကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျောင်းသားကျောင်းသူလေးများက “တိုင်းရင်းသားစုံညီ ပညာရိပ်ဆီ ကျောင်းအပ်ကြမည်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်လွင်ဦးက မြို့နယ်အတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးအစီအမံများဖြင့် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးအေးဝင်းက ယခုပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရာတွင် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး လိုအပ်သည့်အချက် အလက်များကို တစ်ပါတည်းယူဆောင်ကာ သက်ဆိုင်ရာ ကျောင်းအုပ် ကြီးများ၊ အခြေခံပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာ အုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ များထံ ပေးအပ်ခဲ့ပြီး “ပြည်မြန်မာ” သီချင်းဖြင့် ကျောင်းသားကျောင်းသူလေးများက သီဆိုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်း အပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ် အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းနှင့် အခြေခံပညာကျောင်းပေါင်း ၁၅၀ တို့တွင် ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု (ထက်၊လယ်၊မူ)လျာထားဦးရေ ၂၅၆၈၄ ဦးအနက် မေ ၂၆ ရက်နေ့အထိ လာရောက်အပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၂၁၄၃၃ ဦးရှိပြီဖြစ်ကာ ၈၃ ဒသမ ၄၅ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်