ကွမ်းလုံ မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီ အချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒို့ကျေးရွာ ဂျာနယ်အတွဲ(၂၀) အမှတ် (၁၀)ပါ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် ကျေးဇူးရှိလျက်အဆပ်ခက်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအားပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက ကျေးဇူးရှိလျက် အဆပ်ခက်ခေါင်းစဉ်အောက်တွင် ပါရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ မိမိတို့ ထင်မြင်ချက်များ၊ ယူဆချက်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးသည် စာအုပ်စာပေချစ် မြတ်နိုးသူနှင့် စာဖတ်ပရိသတ်များတိုးပွားလာစေရန်၊ မိဘပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစွာရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)