ရေဖြူ မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေဖြူမြို့နယ်ရုံး ဦးစီးအရာရှိဒေါ်ဖြူဖြူရှိန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းရွှေ၊ (က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲတင့်တို့က ကမ္ဘာ့ပတ်ဝန်းကျင်နေ့အဖြစ် သတ်မှတ်ခဲ့ပုံများ အကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ရည်ရွယ်ချက်၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဆိုးကျိုးများဖြစ်ပေါ်ပုံအကြောင်း စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေဖြူမြို့နယ်ရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရရှိအောင် အသိပညာပေးလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခတ္တာ