တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပန်းအလှထိုးနည်းသင်တန်းဆင်းပွဲ ကျင်းပ

တနိုင်း မေ ၂၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေလ ၂၅ ရက် မွန်းလွဲ (၁) နာရီက ပန်းအလှ ထိုးနည်းသင်တန်း ဆင်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဦးက မြို့နယ်အတွင်းရှိ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရရှိစေရန် ရည်ရွယ်ဖွင့်လှစ် ကြောင်းပြောကြားပြီး သင်တန်းနည်းပြဆရာ အရှင်ဥတ္တရက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိက သင်တန်းနည်းပြဆရာ အရှင်ဥတ္တရအား အမှတ်တရပစ္စည်းပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့‌ကြောင်းနှင့် အဆိုပါ သင်တန်းကို (၂) ရက်ကြာဖွင့်လှစ်ခဲ့ရာ သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ပန်းအိ (တနိုင်း)