မိုးကောင်းမြို့၌ တောင်သူလယ်သမားများအား မျိုးကောင်းမျိုးသန့် ဆင်းဧကရီ-၃ မျိုးစပါးထောက်ပံ့ပေးအပ်

မိုးကောင်း မေ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ၂၀၂၃- ၂၀၂၄ခုနှစ် မိုးရာသီအထွက်ကောင်း မျိုးကောင်းမျိုးသန့် ဆင်းဧကရီစပါးမျိုး ပြောင်းလဲစိုက်ပျိုးရေးအတွက် တောင်သူလယ်သမားများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို အဆိုပါဌာန၌ မေ (၂၆)ရက်နေ့လယ် (၁)နာရီတွင် ကျင်းပသည်။

အထွက်ကောင်းသက်တန်းတို မျိုးစပါးများပြောင်းလဲစိုက်ပျိုးစေရေးနှင့် လယ်သီးထပ် ဆီထွက်သီးနှံနေကြာစိုက်ပျိုးစေရေးအတွက် ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိဦးထွေးလှိုင်နှင့်အတူ နန့်လှိုင်ကျေးရွာမှ တောင်သူ (၅) ဦး၊ ကုန်းတန်းကြီးကျေးရွာမှ တောင်သူ(၅)ဦး၊ ပင်လုံ ကျေးရွာမှ တောင်သူ(၄)ဦး၊ ကညှင်မြိုင်ကျေးရွာမှ တောင်သူ(၄)ဦး၊ တောင်နီကျေးရွာမှ တောင်သူ(၂)ဦး၊ စုစုပေါင်းတောင်သူ ဦးရေ(၂၀)တို့အား စိုက်ပျိုးမြေ(၁)ဧကလျှင် ဆင်းဧကရီစပါးမျိုး(၁)တင်းနှုန်းဖြင့် စုစုပေါင်း စပါးတင်း(၁၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမျိုးစပါးထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ တောင်သူလယ်သများများ တက်ရောက်သည်။

သန်းလွင်ဦး (ပြန်/ဆက်)