နမ့်ဆန်မြို့နယ်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တအာင်းလူငယ် အမျိုးသား ဘောလုံးပြိုင်ပွဲကျင်းပရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၂ခုနှစ် တအာင်းလူငယ် အမျိုးသားဘောလုံးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပခဲ့သည်။