ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲတက်ရောက်

ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဒေသအဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒေသအဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

တာမိုးညဲမြို့ မစျေးအတွင်း၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် မီးကြွေးမီးကျန်များ ရှိ၊ မရှိ စေရေးကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့မစျေးအတွင်း၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် မီးကြွေးမီးကျန်များ ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ ခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်လုံးဆိုင်ရာ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့မနက်ပိုင်းက ကမာရွတ်မြို့နယ် အခြေခံပညာအမှတ်(၃)အထက်တန်းကျောင်းများ၌ ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk show ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေး ပွဲကို ယနေ့နံနက် (၉း၀၀) နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

မြောက်ဦးမြို့၌ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကျောက်ရာဇ်ကေရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်က အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ဟိုပန်ခရိုင် ၊ဟိုပန်မြို့နယ်၌ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဖူဆယ်ဘောလုံးအားကစားဖံွ့ဖြိုးတိုးတက်စေရန် အတွက် မေလ(၁၈) ရက်နေ့က စတင်ကျင်းပခဲ့သည့် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးအား ကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၄) နာရီက  A 21 ဖူဆယ်အားကစားကွင်း၌  ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ နှစ်သောင်းကျော် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးပြီးဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက် ပေးလျက်ရှိရာ မေ ၂၆ ရက်၊ (ယနေ့အထိ) ကျောင်းသား၊ ကျောင်းသူဦးရေ နှစ်သောင်းကျော် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to