ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့၌ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး လူငယ်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲနှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံမှုများ ကြည့်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဘေးအန္တရာယ်ဆ်ိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေးလူငယ်ခေါင်းဆောင်မှုသင်တန်းဆင်း ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ  အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးမင်းမင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များတက်ရောက်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်လှပဖို့ သစ်ပင်စိုက်ကာထိန်းကြစို့

သစ်ပင်သည်လူသားတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကအကျဆုံးအရာဖြစ်သည်။ လူသားတို့အတွက် အစားအစာ၊ နေအိမ်၊ ဆေးဝါးများရရှိရုံသာမက သန့်စင်သော အောက်ဆီဂျင်ဓာတ်ငွေ့ရှိစေခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်းတို့ကို သစ်ပင်များမှရရှိခဲ့ ကြသည်။ အစိမ်းရောင်ရှိအပင်များသည် နေရောင်ခြည်စွမ်းအင်ကို ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ခြင်း၊   သက်ရှိများ အသက်ရှင်နေထိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် ပြုပြင်ဖန်တီးခြင်း၊ လေထုကိုအဆိပ်အတောက်ဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ကိုစုပ်ယူဖယ်ရှားပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ဝေါမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဥ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်ခန်းမတွင် ရန်ပုံငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှစ၍ ကျောင်းအပ်နှံလက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် တာဝန်ရှိသူများက ကျောင်းများသို့ ကွင်းဆင်း၍ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကို ယနေ့နံနက် ၉း၃၀ အချိန်တွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ၂‌၀၂‌၃-၂၀‌‌၂‌၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပသည်။

မိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံကျောင်းဝန်းရှိ နီလာဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရာ မိုင်းတုံအခြေချ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီ ဇော်မင်းဦး၊ ခရိုင်/မြို့နယ် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ခရိုင်/မြို့နယ်မှ တာဝန်ရှိဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း၌ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဆင်းဧကရီ-၃ (RS) မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် နည်းပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဆင်းဧကရီ-၃ (RS) မျိုးစေ့ပေးအပ်ပွဲနှင့် မိုးစပါးမျိုးစေ့ထုတ် နည်းပညာပေးသင်တန်းဖွင့်ပွဲကို မေလ(၂၆)ရက်နေ့နံနက် (၉)နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လူထုအခြေပြုဗဟိုဌာန (Community Center) များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ Community Activities များ အရှိန်အဟုန်မပျက် လည်ပတ်နိုင်စေရန်နှင့် ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to