ပေါင်းတည် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် မြို့နယ်နှင့်ကျေးရွာနိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီအဖွဲ့များပူးပေါင်း၍ ယနေ့နံက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမဆောင်တွင် ဝက်မွေးမြူရေးလုပ်ကိုင်နေသူများအား ချေးငွေထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။
ပြည်သူများဝင်ငွေတိုး၍ လူမှုစီးပွားမြင့်မားလာစေရေးနှင့် ဒေသတွင်းတိုးတက်ဖွံ့ဖြိုးလာစေရေးတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ကဏ္ဍအသီးသီး၌ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများတိုးတက်မြင့်မားရေးအတွက်လည်း ဝက်မွေးမြူသူများ လုပ်ငန်းအောင်မြင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ထောက်ပံ့ချေးငွေများ ထုတ်ပေးရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊အဆိုပါ ချေးငွေထောက်ပံ့နိုင်ရေးလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်အတွင်းမှ ဝက်မွေးမြူသူ(၇)ဦး လာရောက်လျှောက်ထားကြပြီး၊ စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသော ဝက်မွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင် အကျိုးခံစားနိုင်ရေးအတွက်အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ပြီး ယင်းဆောင်ရွက်မှုသည်နိုင်ငံစီးပွားမြှင့်တင်ရေးကြိုးပမ်းမှု တစ်ရပ်လည်းဖြစ်ကြောင်း မြို့နယ်နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းကော်မတီအဖွဲ့မှ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းခိုင်က ရှင်းလင်းပြောကြားသည်။
ဝက်မွေးမြူလုပ်ကိုင်သူများအား သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး၊ချေးငွေ ပမာဏကို ၁၂ လအတွင်း အပြေအကြေပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ဝက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးလျှင် လုပ်ငန်းသုံးချေးငွေ ကျပ်သိန်း ၅၀ စီပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းကော်မတီအဖွဲ့ထံမှ သိရသည်။
သူရကြီး (ပြန်/ဆက်)