ဝမ်းတွင်းမြို့နယ်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း အမိုးလန်ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်မြတ်ကြီး၏ အရံစေတီ(၈)ဆူအား ဌာပနာသွင်းပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူ စေတီတော်မြတ်ကြီး၏ အထက်ပစ္စယံ၌ ကိုးတောင်ပြည့်အရံစေတီ (၈)ဆူအား ဌာပနာတော်သွင်းပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

နောင်ချိုမြို့နယ်ရှိ Kid မူလတန်းကြိုကျောင်းဆင်းပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ Kid မူလတန်းကြိုကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ မူလတန်းကြိုကျောင်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နမ္မတူတွင် eID ပုံစံ (၁) စနစ်တကျဖြည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ eID ပုံစံ (၁) စနစ်တကျ ဖြည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

တန့်ယန်းခရိုင် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၃)ကို ယနေ့နံနက် ၉ နာရီက ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် ပြင်ဦးလွင်ခရိုင်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ပြင်ဦးလွင်ခရိုင်ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်းထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ် သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာ များအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင်  မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာရေးအသိပညာ (Talk Show) ရိုက်ကူးခြင်းကို မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်းနေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
Subscribe to