ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ်ဆောင်ရွက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်း (၃)ကျောင်း သို့သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။