ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်း (၃)ကျောင်း သို့သွားရောက်ပြီး  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

မဘိမ်းမြို့၌ ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကျင်းပ  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးအပ်ချီးမြှင့်ခဲ့သည့် ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်း ဆက်လက်ပို့ချ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၏ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအွန်လိုင်းသင်တန်းကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အောက်တိုဘာ ၂၁ ရက် နံနက်(၉)နာရီက စတင်၍ Video Conferencing စနစ်ဖြင့် ဆက်လက်ပို့ချပေးလျက်ရှိသည်။

စဉ့်ကူးမြို့နယ်တွင် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးမှ မိဘပြည်သူများသို့အသိပေးထုတ်ပြန်ချက် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပသည်။

မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့နံနက် ၈ နာရီအချိန်မှ စတင်ပြီး ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ရွေးစင် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းနှင့် မိတ္ထီလာလေတပ် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းတို့ လက်ရည်စမ်းပွဲ ကျင်းပ

မိတ္ထီလာမြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ရွေးစင် အမျိုးသား/ အမျိုး သမီး ဘော်လီဘောအသင်းနှင့် မိတ္ထီလာလေတပ် အမျိုးသား/ အမျိုးသမီး ဘော်လီဘောအသင်းတို့ လက်ရည်စမ်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ကျေးရွာ အ.မ.ကကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ညောင်လေးပင်ကျေးရွာ အ.မ.က ကျောင်းတွင် ယနေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။
Subscribe to