မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများတတိယအသုတ် လွှဲပြောင်းလက်ခံ

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် စုစုပေါင်းအမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃,၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ  တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲကို သယ်ဆောင်လာသည့် World Cargo Airlines မှ လေယာဉ်သည် ယမန်နေ့နံနက် (၁၁ နာရီ ၄၀ မိနစ်)က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ဗုဒ္ဓဘာသာ အခြေခံယဥ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲကို ယမန် နေ့ နံနက် (၉) နာရီက ဝေါမြို့ အခြေခံပညာအထက်တန်းကျောင်းသဇင်ဆောင်၌ ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြို့သန့်ရှင်းသာယာလှပရေးတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးများပေါ်၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ထန်းတပင်မြို့နယ်၌ ဂရန်အင်း(၁၆)လုံးနှင့် တင်ဒါပိုက်ချက်(၁၃)ချက်တို့အား လေလံတင်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊  ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဂရန်အင်းနှင့်တင်ဒါပိုက်ချက်များလေလံတင်ရောင်းချခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တတိယအကြိမ်မြောက်အထိ ဂရန်အင်း(၁၆)လုံးနှင့် တင်ဒါပိုက်ချက်(၁၃)ချက်တို့ကိုလေလံတင်ရောင်းချပေးခဲ့ပြီး အင်းအခွန်ရရှိငွေကျပ်(၃၇၇၇၀၀၀၀)နှင့် တင်ဒါပိုက်ချက်မှ အခွန်ရရှိငွေကျပ်(၇၈၆၀၀၀၀)ထိရှိကြောင်းလည်း သိရသည်။

အုတ်တွင်းမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရွှေလောင်းကျေးရွာအုပ်စုတွင် မေ ၂၅ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ မိုးရာသီ၌‌ သံတွဲမြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းဆောင်ရွက်

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦမျိုးချစ်၏ လမ်းညွှန်ချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၂ နာရီက မိုးရာသီ၌ သံတွဲမြို့အတွင်း ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုပိုမိုရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင် ရေအေး(ဟားဗတ်တက္ကသိုလ်)ရေးသားထားသည့် စေ့စပ်ညှိနှိုင်းမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

၂၀၂၃ ခုနှစ် မိုး​ကြိုရာသီသစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့၊ ဂျစ်ပဆန်မြေဩဇာ ထောက်ပံ့​ပေးအပ်ခြင်းနှင့် မြေဆီလွှာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးကြိုရာသီသစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့၊ ဂျစ်ပဆန်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြေဆီလွှာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူကျေးရွာအုပ်စု ရန်ကုန် - ပြည်လမ်း မိုင်တိုင်အမှတ် ၅၁ / ၅ တောင်သူ ဉီးမျိုးမြင့်၏ လယ် ၁၀ ဧကပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ပြီးခဲ့သည့် တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများအား ဆန်၊ ဆီနှင့် စားသောက်ကုန်များလှူဒါန်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြိ့ရှိ မဲကနယ်ကျေးရွာအုပ်စုနှင့် သင်္ဃန်းညီနောင်ကျေးရွာများတွင် ပြီးခဲ့သည့်ကာလအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် မြဝတီမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဘုန်းကြီးကျောင်းများတွင် ယာယီနေရပ်စွန့်ခွာသွားခဲ့ရသည့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြဝတီမြို့၊ တောရကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to