“သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့"ခေါင်းစဥ်​ဖြင့် အသိပညာ​ပေး(Talk Show)ကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန(Commounity Center)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က "သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့"ခေါင်းစဥ်​ဖြင့် အသိပညာ​ပေး(Talk Show) ကျင်းပခဲ့သည်။

မြောင်းမြမြို့ ရတနာသိင်္ဂီ သီလရှင်စာသင်တိုက်သို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲနှင့် ကျောင်းဝတ်စုံ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်တွင် ယနေ့နံနက် ၁၁:၀၀ နာရီ အချိန်က ဆန် ဆီ ကြက်ဥ ပဲနှင့် ကျောင်းဝတ်စုံ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ခေတ်တံခါး ခေတ်စကားစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် ခေတ်တံခါး ခေတ်စကား စာအုပ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့ဆေးလိပ်မသောက်​ရေးနေ့ အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲ(၁)နာရီက ကမ္ဘာ့ဆေးလိပ်မသောက်​ရေးနေ့အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေး ဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ မေလ(၂၆)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ‌မေလ ၂၁ ရက်နေ့ နံနက်(၈)နာရီကစတင်၍  ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရွိရာ မေလ( ၂၆)ရက်‌‌နေ့အထိ ပင်စင်စား( ၅၁၉)ဦးအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့၊ အထက(၁)တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင် ပြန်လည်တည်ဆောက်နိုင်ရေး ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်ယာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်ယာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိ၊မြို့ဖများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ကြည့်ရှုစစ်ဆေးသည်။

လမ်းမတော်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လမ်းမတော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမြမာလာခန်းမ၌ ကျင်းပပြုလုပ်ရာ အ.ထ.က(၂)လမ်းမတော်မြို့နယ်ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင်  ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင်  ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to