မြစ်သား မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အား ယမန်နေ့ နံနက် (၉) နာရီအချိန်မှ စတင်ကာ ကျောင်းအပ်နှံမှုကိုလက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ယခင်နေ့များအထက် ပိုမိုးများပြားပြီးလာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေနဲ့ အ.ထ.က (၉) ကျောင်း၊ အ.ထ.ကခွဲ (၈) ကျောင်း၊ အ.လ.က (၅) ကျောင်း၊ အ.လ.ကခွဲ (၆) ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း (၂၀) ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း (၁၃၆) ကျောင်း စုစုပေါင်း (၁၈၄) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၂) ကျောင်းရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်း သူစုစုပေါင်း (၁၅၉၇၈) ဦးအပ်နှံခဲ့ပြီးဖြစ်ရာ မေလ (၂၃) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံမှုကို ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ဇွန် ၁ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
မြို့နယ် ပြန်/ဆက်