ပိုင်ကျုံကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကျေးလက်ကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့သည်။