သိန္နီမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကိတ်မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။