ပန်းတနော်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်နာရမည့် စည်းကမ်းချက်များအား လိုက်လံအသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်​ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များအား လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့၌ နေကြာသီးနှံတိုးတက်စိုက်ပျိုးရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက နေကြာသီးနှံတိုးတက်စိုက်ပျိုးရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။

ခရမ်းမြို့တွင် အသက် ၁၈ နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့်သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၁၈ နှစ်နှင့် အထက်နှင့် အသက် ၁၈ နှစ်အထက်ပြည့်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပြီး  ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊

လင်းခေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့၌ တတိယအကြိမ် ပြည်သူများများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွက်ကဲမှုအောက် (ဟားခါးတပ်နယ်)တို့၏ ကြီးကြပ်ကွက်ကဲမှုဖြင့် တတိယအကြိမ်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မြို့တော်ခန်းမရှေ့၌‌ ရောင်းချကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက်ရှိ သူများအား ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၇၅)ဦးရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့ပါးသက်သာစေရန်နှင့် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးနှိုးဆော်

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ  ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ဆီးထိန်းချုပ်နိုင်ရန်နှင့် မျောက်ကြောက်ရောဂါအကြောင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင်ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  မြို့နယ် အတွင်း ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကာကွယ်ရေးလမ်းညွှန်ချက်များအားကို ယနေ့နံနက်(၁၀)နာရီက ခေါင်းကွဲကျေးရွာအုပ်စု၊ ခေါင်းကွဲကျေးရွာသို့ ကွင်းဆင်း၍  Hand Speaker ဖြင့်ဆောင်ရွက်ကြကြောင်းသိရသည်။

လှိုင်မြို့နယ်၌ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု့ စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ကျောင်းအုပ်ကြီးများ၏  စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက လှိုင်မြို့နယ်ပညာရေးမှူးရုံး၊ လှိုင်ပညာခန်း၌ ကျင်းပသည်။

မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်တီအစည်းအဝေး ကျင်းပ

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်း အဝေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၁၉၆)ကျောင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း စာသင်ကျောင်း (၁၉၆)ကျောင်းတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို အောက်တိုဘာ(၁၈)ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ စာသင်ကျောင်း(၁၉၆) ကျောင်းအား ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
Subscribe to