ငပုတောမြို့နယ်၌  အပေါ့စားမီးသတ်စက်  ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ အပေါ့စားမီးသတ်စက် ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက် (၉) နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ  ဦးမင်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အခွန်ဦးစီးမှူး ဦးကျော်မင်းထွန်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကသာခရိုင်၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန် ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ယာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ထူးစက်သုံးဆီဆိုင်အနီး၊ ဧရာရွှေလီခန်းမရှေ့နှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးရှေ့တို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြဝတီမြို့၌ ကျောင်းအပ်နှံသူ ကျောင်းသားကျောင်းသူ သုံးသောင်းနှစ်ထောင်ကျော်ရှိပြီး ဆက်လက်အပ်နှံ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မေလ ၂၉ ရက်နေ့အထိ ကျောင်းအပ်နှံသူ ကျောင်း သား၊ကျောင်းသူဦးရေ သုံးသောင်းနှစ်ထောင်ကျော်ရှိပြီဖြစ်ပြီး ဆက်လက် အပ်နှံလျက်ရှိကြောင်း မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်ပြိုင်ပွဲတွင် ငွေတံဆိပ် (၃)ခု နှင့် ကြေးတံဆိပ်(၂)ခု ရသည့် ပြည်နယ်လက်ရွေးစင်တင်းနစ်အသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့၌ မေလ ၂၂  ရက်နေ့မှ ၂၈ ရက် နေ့အထိ ကျင်းပြကျင်းပပြုလုပ်ခဲ့ကြပြီး ကချင်ပြည်နယ်ကိုယ်စားပြု တင်းနစ်လက်ရွေးစင် အသင်း အနေဖြင့် ငွေတံဆိပ် (၃)ခုနှင့် ကြေးတံဆိပ် (၂)ခုရရှိခဲ့သဖြင့် ပြည်နယ်လက်ရွေးစင်အသင်းအား ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ တိကျမှန်ကန်စေရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက “မိုခါ”မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းများ မှန်ကန်စေရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ဝင်များနှင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးသည်။

တောင်သာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြင်းခြံခရိုင်၊တောင်သာမြို့၊အမှတ် ၆ ရပ်ကွက်၊ မင်းစု အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့၌ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား တတိယအကြိမ် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက တောင်သာမြို့အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအတွက် တတိယအကြိမ်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ်သင်တန်းသား/သင်တန်းသူများ အား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း၊ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများအတွက် အလှူငွေများ လက်ခံ၊ ဝန်ထမ်းသားသမီးကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်း (၂)ကျောင်းတို့မှ ပထမနှစ် သင်တန်းသား/ သင်တန်း သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက သူနာပြုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်‌ရောက်အမှာစကားပြောကြားသည်။

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု၊ အမကမူလွန်စာသင်ကျောင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လေဘေးသင့်ပြည်သူများအား(အခမဲ့) ဆေးကုသပေးနေမှု များကို လှည့်လှည်ကြည့်ရှုကာအားပေးစကားများပြောကြားခဲ့ပြီး အဆိုပါစာသင်ကျောင်း၌ မိုခါမုန်တိုင်း လေဘေးဒဏ်ကြောင့် အမိုးလန်ပျက်စီးသွားသောကျောင်းဆောင်အားလည်းကောင်း၊ ကကျက်ဘက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဆောင်ကို လည်းကောင်း၊ တပ်ရာကျေးရွာ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းအား လည်းကောင်း အမိုးလန်၊ပျက်စီးနေမှုအား လှည့်လှည်ကြည့်ရှုကာ စာသင်ကြားနိုင်ရေးအတွက် ကျေးရွာအစီအစဉ်ဖြင့်ပျက်စီးကျောင်းဆောင်များ ပြန်လည်ပြုပြင်နေမှုနှင့် ယာယီတာပေါ်လင်မိုးနေမှုအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားကာဆရာ/ဆရာမများအား ဇွန်လ(၁)ရက်နေ့ ကျောင်းဖွင့်လှစ်နိုင်ရေးတို့ကိုမှာကြားခဲ့ကြသည်။

မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏သားသမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး နှင့် ဝန်ထမ်းများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to