မောင်တော မေ ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ အကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် ဒုညောင်ပင်ကြီးကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာ၊ မောင်တော -အငူမော် ကားလမ်းမအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ မိုးရာသီအကြိုကာလ သစ်ပင်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်များအား မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟိန်းကျော်နိုင်က တာဝန်ရှိသူများထံပေးအပ်ပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ် ကွက်ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ သစ်ပင်ချစ်မြတ်နိုးသူများ၊ ရွာသူ၊ ရွာသားများက မဟော်ဂနီ၊ ကျွန်း၊ ပျဉ်ကတိုး၊ မန်ဂျန်ရှား၊ ယူကလစ် စုစုပေါင်း ပျိုးပင်ပေါင်း ၁၂၀၀ ပင်အား သတ်မှတ်နေရာ အသီးသီးတွင် စနစ်တကျတပျော်တစ်ပါးစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဉတုကောင်းမွန်မျှစေရေး၊ အရိပ်အာဝါသနှင့် အခြားအကျိုး များရရှိစေရေး၊ သစ်တော သစ်ပင် တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်ခရိုင် (ပြန်/ဆက်)