ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် အပတ်စဥ် (၂၈)သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် အပတ်စဉ်(၂၉)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။

ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ၁၃ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်း တက်ရောက်အားပေးပြီ

တန့်ယန်းမြို့နယ်တွင် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ပန်းခင်း(၂)စီမံချက်ဖြင့် မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပန်းခင်း(၂)စီမံချက်ဖြင့် မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးနေမှုအား ယမန်နေ့နံနက် (၁၀း၀၀)နာရီ အချိန်တွင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦး ဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင့်ဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ် ပေါ်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို မေလ ၃၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်ကကျိုက်ပိကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၊ ကျေးရွာပိုင်မြေပေါ်တွင် ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မဟာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show)ပြုလုပ်ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show)ပြုလုပ်ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ယခု ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် မေ ၃၀ ရက်၊ ယနေ့နံနက်ပိုင်းကစပြီး လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Subscribe to