ပျဉ်းမနား မေ ၃ဝ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရဟန်း၊ သံဃာတော်များနှင့်သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရွာကောက်ရပ်ကွက်၊ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိစာသင်တိုက်၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့နှင့် ဒက္ခိဏခရိုင် သာသနာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းအောင်၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ကြွချီတော်မူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။
ပျဉ်းမနားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်၊ သီလရှင်ကျောင်းတိုက်များမှ ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရဟန်း၊ သံဃာတော်များနှင့်သီလရှင် ၂၀၀ ပါးအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်မြောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)