ဘုတ်ပြင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေသာလျောင်းဘုရား ရှေ့တွင် ယနေ့နံနက် ၇နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသခံပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရသည်။