တွန်းဇံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းအပ်နှံမှုများအား ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ် တွန်းဇံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ‌ရေးသီတင်းပတ်အတွင်း အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုများကွင်းဆင်းကြည့်ရှု့ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က တုန်းတွောင်ကျေးရွာအုပ်စု၊ တုန်းတွောင်ကျေးရွာ အလယ်တန်းကျောင်း၊ ပိုးစာခြံမူလတန်းကျောင်းနှင့် ခေါလိုင်အလယ်တန်းကျောင်းခွဲများသို့ ကျောင်းအပ်နှံမှု၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများထောက်ပံ့မှုအခြေအနေများကို ကွင်းဆင်းစစ်‌ဆေးခဲ့သည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းရင်းသားများ၏ လိုအပ်ချက်၊ လိုလားချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း‌ရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်နှင့် လိုလားချက်များ ဖြည့်ဆည်းပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် မေ ၃၀ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြေပုံမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရန် ချေးငွေ အကြံပေးအဖွဲ့ အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးရန် မြို့နယ်ချေးငွေအကြံပေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက် ဘက်စုံသုံးခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

မိုးမောက်မြို့၌ ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မိုးမောက်မြို့နယ်သို့ လာရောက်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြား ချက်များအား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့  နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိ သည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ် စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၃) နာရီက မြို့နယ်စည်ပင် သာယာရေးအဖွဲရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး (၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး တောင်သူများနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် အတွင်းရှိကျေးရွာများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေးအတွက် တောင်သူများနှင့် တွေ့ဆုံအသိပညာပေး ဆွေးနွေးပွဲများကို မေလ ၂၅ ရက်နေ့မှစ၍ ပြုလုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တူးမြောင်းကျေးရွာအုပ်စု၊ လှိုင်းဘုန်းကျေးရွာအုပ်စု၊ ကျောက်တန်းလေး ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် " အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်စေရေး အသိပညာပေး” ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူဒေါ်လှိုင်မိုးမြတ်နှင့် ဝန်ထမ်းများ၊မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် ဝန်ထန်းများ၊ မုံရွာခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ သက်မွေးပညာသင်တန်းကျောင်း မုံရွာမှတာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၅/၂၀၂၃) လအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၅/၂၀၂၃) လ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟုမ္မလင်းမြို့နယ်၌မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ကအမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to