လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပညာရေးမှူးရုံးက ကျင်းပသည့် အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက လှည်းကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။